မင်္ဂလာဒုံမြို့နယ်တွင် ယာဉ်(၄)စီး တိုက်မှုဖြစ်ပွား ကလေးငယ် တစ်ဦးအပါအ၀င် (၃) ဦး‌ေ သ၊ ၁၉ ဦးဒဏ်ရာရ

0
289

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ယာဉ်(၄)စီး တိုက်မိမှုယနေ့နံနက်ကဖြစ်ပွားခဲ့ပြီး ကလေးငယ် တစ်ဦးအပါအ၀င် (၃) ဦး‌ေ သ၊ ၁၉ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမ PT Power ဆီဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ပရိုဘောက်ယာဉ်ပေါ်ပါလာသူ ခရီးသည် အမျိုးသမီး(၄)ဦးအမျိုးသား(၁)ဦး ကလေးငယ်မိန်းခလေး(၂)ဦး တွင် အမျိုးသမီး(၂)ဦးနှင့် ကလေးငယ်(၁)နေရာမှာတင်‌ေ သဆုံးသွားခဲ့ပြီး/ဖယ်ရီကားပေါ် မှ လိုက်ပါစီးနင်းလာသူ (ZKG အထည်ချုပ်စက်စုံ ) မ (၁၆)ဦး ကျား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့်ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ပြီး လူနာများနှင့်‌ေ သဆုံးသူများအား မေဓါဝီဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပုလဲအရန်မီးသတ်တပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here