ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်စေရန် ဆောင်ရွက်နေသည့် အစီအမံများကို ဆွေးနွေး

0
170

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်ရှိပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်စေရန် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်နေသည့် အစီအမံများကို နယ်စပ်‌ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi တို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်မှ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Nori ko Takagi အား အောက်တိုဘာ (၆) ရက်နံနက် (၁၀) နာရီခွဲက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိ နှိုင်းပေါင်းစပ်ရေး ကော်မတီက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုအရ နေရပ်စွန့်ခွာသူများအား ပြန်လည်စိစစ် လက်ခံရေးနှင့် နေရာချထားရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ဆွေးနွေးခဲ့ကြကြောင်း သိရသည် ။

ထို့အပြင် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေးတို့တွင် လိုအပ်သလိုပူးပေါင်းဆောင်ရွက်နိုင်ရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here