အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်မှုအပြီး ရွှေ ၁၊ ကြေး ၂ ရရှိခဲ့

0
419

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်မှုအပြီး ရွှေ ၁၊ ကြေး ၂ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့သည် ဘောလုံး၊ တိုက်ကွမ်ဒို၊ ဝူရှုး၊ Esports၊ ပိုက်ကျော်ခြင်း၊ မြားပစ်နှင့် နဂါးလှေပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ယှဉ်ပြိုင်ခဲ့ရာ ပိုက်ကျော်ခြင်း အမျိုးသား (၄) ယောက်တွဲမှ ရွှေ(၁)ခု၊ နဂါးလှေ အမျိုးသမီး မီတာ (၅၀၀) မှ ကြေး(၁)ခု၊ နဂါးလှေ အမျိုးသား မီတာ (၁၀၀၀) မှ ကြေး (၁) ခု ရရှိခဲ့ခြင်းဖြစ်သည်။

အာရှအားကစားပြိုင်ပွဲကြီး၌ နိုင်ငံတော်အတွက်ရွှေတံဆိပ်ဆု ရယူဆွတ်ခူးပေးခဲ့သော မြန်မာ့ပိုက်ကျော်ခြင်းလက်ရွေးစင်အသင်းသည် ယနေ့နေ့လယ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည့်အတွက် ဂုဏ်ပြုကြိုဆိုကြမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here