မန်ယူ နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်၏ ဇနီး ကေသီဖာဂူဆန် ကွယ်လွန်သည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် မန်ယူနှင့် ဘရန့်ဖို့ဒ်တို့ ကစားမည့်ပွဲတွင် လက်ပတ်အနက်များ ဝတ်ဆင်ကစားသွားမည်

0
233

မန်ချက်စတာယူနိုက်တက် နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်၏ ဇနီးသည်ဖြစ်သူ ကေသီဖာဂူဆန်သည် အသက် (၈၄) နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ရပြီး ၎င်းတို့ ဇနီးမောင်နှံမှာ ၁၉၆၆ ခုနှစ်က လက်ထပ်ခဲ့ကာ ၅၇ နှစ်တိုင် ပေါင်းသင်းနေထိုင်ပြီး သားသုံးယောက် ထွန်းကားခဲ့သည်။

ကေသီဖာဂူဆန်မှာ ဆာအဲလက်စ်၊ သား ၃ ယောက်၊ ညီမ ၂ ယောက်၊ မြေး ၁၂ ယောက်၊ မြစ် ၁ ယောက်ကို ချန်ထားရစ်ကာ မနေ့က ကွယ်လွန်သွားခဲ့ရပြီး မန်ယူအသင်းအနေဖြင့် ကေသီဖာဂူဆန် ကွယ်လွန်ခဲ့ရသည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ယခုတစ်ပတ်ကစားမည့် ပွဲစဉ်များတွင် မန်ယူအိမ်ကွင်း အိုးထရက်ဖို့ဒ်မှ အလံတိုင်များကို တိုင်တစ်ဝက်အထိ လျှော့ချထားမည်ဖြစ်သည်။

ထို့အပြင် ယနေ့ည ကစားမည့် ဘရန့်ဖို့ဒ်နှင့် ပွဲတွင်လည်း လက်ပတ်အနက် ဝတ်ဆင်ကစားမည်ဖြစ်ကာ မန်ယူအမျိုးသမီးအသင်းသည်လည်း အာဆင်နယ်နှင့် ပွဲစဉ်တွင် လက်ပတ်အနက်များကို ဝတ်ဆင်၍ ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here