အိန္ဒိယရေကြီးရေလျှံမှုကြောင့်သေ-ဆုံးသူ ၅၆ ဦးအထိရှိလာ

0
144
A general view shows the damaged Teesta V power plant along the Teesta River some 6 Km from Singtam in India's Sikkim state on October 5, 2023, a day after a flash flood triggered by a high-altitude glacial lake burst. - Indian rescue teams searched on October 5 for 102 people missing after a devastating flash flood triggered by a high-altitude glacial lake burst killed at least 14, officials said. (Photo by Pankaj DHUNGEL / AFP)

ကိုးလ်ကတ္တား၊အောက်တိုဘာ ၇

အိန္ဒိယအရှေ့မြောက်ပိုင်း၌ ရေကြီးရေလျှံမှုကြောင့် သေ-ဆုံးသူ ၅၆ ဦးအထိရှိလာပြီဖြစ်ကာ ရေကြီးမှုကြောင့် သိုလှောင်ထားသည့် လက်နက်ခဲယမ်းများမြောပါသွားသည့်အတွက် ဒေသခံများအတွက် အန္တရာယ်ရှိနိုင်ကြောင်းလည်း အိန္ဒိယစစ်တပ်ကထုတ်ပြန်ထားသည်။

ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကြောင့် ဟိမဝန္တာဒေသ၌ ရေခဲများအရည်ပျော်ကာ ယခုကဲ့သို့ ရေကြီးရေလျှံဖြစ်မှုများ ပိုမြင့်တက်လာနိုင်သည်ဟုလည်း သိပ္ပံပညာရှင်များကသတိပေးထားသည်။

ယခုသေ-ဆုံးသူများထဲတွင် အိန္ဒိယစစ်သား ခုနစ်ဦးပါဝင်ကြောင်းလည်းတာဝန်ရှိသူများကပြောကြားခဲ့သည်။လူပေါင်းရာချီကာပျောက်ဆုံးနေပြီး ပျောက်ဆုံးနေသူများထဲတွင်လည်း စစ်သား ၁၆ ဦးပါဝင်သည်ဟုသိရသည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကမူ ရေကြီးရေလျှံမှုကြောင့် ရေစီးနှင့်အတူ သိုလှောင်ထားသည့်လက်နက်ခဲယမ်းများမျောပါသွားသဖြင့် ဒေသခံများအတွက်အန္တရာယ်ရှိသောကြောင့် မြစ်ရိုးတစ်လျှောက် စောင့်ကြည့်ရေးတပ်ဖွဲ့များစေလွှတ်ကာ လက်နက်ခဲယမ်းများပြန်ဆယ်ယူထားစေကြောင်းပြောကြားခဲ့သည်။

အနောက်ဘန်ဂေါ၌ ရေကြီးရေလျှံမှုအတွင်းမျောပါသွားသည့် မော်တာကျည်ဆန်ပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေ-ဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

လမ်း၊တံတားနှင့်ဖုန်းဆက်သွယ်ရေးများလည်းပြတ်တောက်သွားကာ အိမ်ခြေ ၁,၂၀၀ ‌ကျော်ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး လူပေါင်း ၂,၄၀၀ ကျော်ကိုကယ်တင်ထားနိုင်ကာ လူပေါင်း ၇,၀၀၀ နီးပါး ယာယီကယ်ဆယ်ရေးစခန်းများသို့ရောက်ရှိခိုလှုံနေကြပြီဟုလည်းသိရသည်။

Source : AFP
Photo: AFP


LEAVE A REPLY

Please enter your comment!
Please enter your name here