ပဲခူးမြို့တွင်း ရန်ကုန် – မန္တလေး ကားလမ်း ရေကျော်နေပြီး ယာယီရေဘေးရှောင်စခန်း (၂၉) ခု ဖွင့်လှစ်ထား

0
174

ပဲခူးမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် အောက်တိုဘာ (၈) ရက် နံနက်ပိုင်းမှစ၍ ပဲခူးမြို့တွင်း ရန်ကုန် – မန္တလေး ကားလမ်းမပေါ်သို့ ရေကျော်လျက်ရှိ၊ ယာယီရေဘေးရှောင်စခန်း(၂၉)ခု ဖွင့်လှစ်ထားရကြောင်း သိရသည်။

ပဲခူးမြစ်ရေမှာ ပဲခူးမြို့၏ စိုးရိမ်ရေမှတ် (၈၈၀)စင်တီမီတာအား ကျော်လွန်ပြီး (၉၄၀) စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ပဲခူးမြို့နယ်အတွင်း အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။  

အောက်တိုဘာ ၈ ရက် နံနက်ပိုင်းမှစ၍ ပဲခူးမြို့နယ်အတွင်း ရပ်ကွက် (၁၁)ခု၊ ကျေးရွာ (၆) ရွာ၌ ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်း (၂၉) ခု ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်းများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များမှ သောက်သုံးရေ၊ အစားအစာနှင့် ဆေးဝါးများအား ကူညီထောက်ပံ့လှူဒါန်းပေးလျက်ရှိပြီး ဖြတ်သန်း သွားလာသည့် ယာဉ်များ၊ လူများ အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများမှ ကူညီပေးလျက်ရှိကြောင်း သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here