တိုက်ကြီးမြို့နယ် ချင်းကုန်း – ရေအေးစမ်းကူးတံတားရေ‌ကျော်​နေ

0
122

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်တွင် ယနေ့ အောက်တိုဘာ (၈) ရက် နံနက်ပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိရာ နံနက် (၁၁)နာရီ (၄၈) မိနစ်ခန့်တွင် ချင်းကုန်းကျေးရွာအုပ်စုရှိ ချင်းကုန်း – ရေအေးစမ်းကူးတံတားတွင် ရေ‌ကျော်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ချောင်းကူးတံတားရေကျော်နေခြင်းကြောင့် ဖြတ်သန်းသွားလာသူများ အဆင်ပြေစေရန် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here