ရန်ကုန်-မန္တလေးအမြန်လမ်း၏ ကြက်ချောင်းတံတားဘေးရှိ ကွန်ကရစ်လမ်း(၁၀)ပေခန့်မြေကျွံကျသွား

0
382

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ကြက်ချောင်းတံတားဘေးရှိ ကွန်ကရစ်လမ်း(၁၀)ပေခန့် မြေကျွံကျခဲ့မှု အောက်တိုဘာ ၈ ရက်(ယနေ့)နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၄၅/၂ နှင့် ၄၅/၃ ကြားတွင် အရှည်(၂၅)ပေရှိ ကြက်ချောင်းတံတားဘေး ကားသွားလမ်းမဟုတ်သည့် ကွန်ကရစ်လမ်းမှာ (၁၀) ပေခန့်မြေကျွံကျသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်မှုများနှင့်လိုအပ်သည့်ကူညီမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here