အစ္စရေးကို စစ်အကူအညီပေးမည်ဟုကန်သမ္မတဆို

0
453

ဝါရှင်တန်၊အောက်တိုဘာ ၈

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမက်စ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာသော အစ္စရေး – ဟားမက်စ်အရေးတွင် ပါလက်စတိုင်း၏တိုက်ခိုက်မှုများအားရှုံ့ချလျက် အစ္စရေးကိုအပြည့်အဝထောက်ခံပြီး စစ်ရေးအကူအညီများပေး‌အပ်မည်ဖြစ်ကြောင်း ကန်သမ္မတက ကတိပြုပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးအရာရှိများကြား စစ်ရေးအကူအညီဆိုင်ရာအဆင့်မြင့်ဆွေးနွေးမှုများ စတင်နေပြီဟု အမေရိကန်အကြီးတန်းအစိုးရ အရာရှိတစ်ဦးကပြောကြားခဲ့ပြီး အဆိုပါအကူအညီသည် တနင်္လာနေ့အစောပိုင်းတွင် စတင်ပို့ဖြစ်နိုင်ကြောင်း ဝါရှင်တန်ကကြေငြာချက်ထုတ်ပြန်ခဲ့သည်။

“အခုလိုအကြမ်းဖက်ရန်စတဲ့ကိစ္စမှာ အမေရိက အနေနဲ့အစ္စရေးလူထုဘက်ကအခိုင်အမာရပ်တည်ကူညီပေးသွားမှာပါ” ဟု အမေရိကန်သမ္မတကအစ္စရေးဝန်ကြီးချုပ်အားကတိပေးပြောကြားခဲ့ကြောင်း ၎င်း၏အိမ်ဖြူတော်မိန့်ခွန်း၌ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော့်အစိုးရလက်ထက်မှာ အစ္စရေးရဲ့လုံခြုံရေးကိုကူညီထောက်ခံမဲ့အစီအစဉ်ဟာ အခိုင်အမာဖြစ်ပြီး ပြောင်းလဲသွားမှာမဟုတ်ပါဘူး” ဟုလည်းပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်ကလည်း “နောက်ရက်အနည်းငယ်အတွင်းမှာ အစ္စရေးလိုအပ်တာမှန်သမျှအရံသင့်ရှိနေဖို့ ကာကွယ်ရေးဝန်ကြီးဌာနကသေချာလုပ်ဆောင်ပေးသွားမှာပါ” ဟုဆိုလျက် ဝါရှင်တန်၏ကတိကဝတ်ကိုထပ်လောင်းအတည်ပြုခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here