စော်ဘွားကြီးကုန်း မီးပွိုင့်အနီးတွင် Hijet ကားနှင့် Probox တိုက်မိပြီး (၄) ဦးဒဏ်ရာရ

0
275

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ပြည်လမ်းမကြီးပေါ်ရှိ စော်ဘွားကြီးကုန်း မီးပွိုင့်အနီးတွင် ယနေ့ အောက်တိုဘာ (၈) ရက် နေ့လယ်ပိုင်းက Hijet ကားနှင့် Probox ကားတို့ တိုက်မိခဲ့ကြောင်း အင်းစိန်မြို့နယ် ကြက် ခြေနီသူနာပြုတပ်ဖွဲ့နှင့် တွဲလက်လူမှုကူညီရေး အသင်းတို့မှ သိရသည်။

“ကားနှစ်စီးလုံးရဲ့ ခေါင်းပိုင်းတွေ အတော်ပျက်စီးသွားတယ် ။ အမျိုးသား (၁) ယောက်နဲ့အမျိုးသမီး (၃) ယောက်လည်း ဒဏ်ရာတွေရသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူ (၄) ဦးအား အင်းစိန်မြို့နယ်မီးသတ်၊ အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့နှင့် တွဲလက်လူမှုကူညီရေးအဖွဲ့တို့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here