ရေတိုက်စားမှုကြောင့် ပဲခူးမြို့ရှောင်လမ်း၏ လမ်းပိုင်းပြိုကျမှုဖြစ်ပွားခဲ့

0
328

ပဲခူးတိုင်း၊ပဲခူးမြို့တွင် အောက်တိုဘာ ၈ ရက်နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုနှင့်ပဲခူးမြစ်ရေမြင့်တက်မှုတို့ကြောင့် နေအိမ်များအတွင်းရေဝင်ရောက်မှုနှင့်လမ်းများပေါ်တွင် ရေကျော်မှုများဖြစ်ပေါ်လျက်ရှိသည်။

ထိုသို့ ရေကျော်လျက်ရှိရာမှ ရေတိုက်စားမှုကြောင့် ပဲခူးမြို့ရှောင်လမ်း၏ ကုက္ကိုတန်းအနီးတွင် လမ်းပိုင်းပြိုကျပျက်စီးခဲ့သဖြင့် ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

“မြို့ရှောင်လမ်းက ကတ္တရာလမ်းပြိုကျသွားတယ် ရေစီးတော့ ရေတိုက်စားတဲ့ဒဏ်ကိုမခံနိုင်ဘဲဖြစ်သွားတာပါ အဓိကလမ်းမကြီးတွေက ရေတွေအတော်ကျော်နေတော့ ဒီမြို့ရှောင်လမ်းကပဲ ကားတွေသွားကြတာများတယ် အခု လမ်းပိုင်းပြိုကျသွားတာ့ ကားတွေပိတ်ကုန်ပြီ”ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ပဲခူးမြို့ရှောင်လမ်း၏လမ်းပိုင်းပြိုကျပျက်စီးမှုအား တာဝန်ရှိသူများမှကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန််းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်လျက်ရှိ၍ ယမန်နေ့ညနေပိုင်းအထိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၄ ခုဖွင့်လှစ်ထားခဲ့ရပြီး အိမ်ထောင်စု ၁၃၀၀ ခန့်မှ လူဦးရေ ၅၆၀၀ ခန့်ခိုလှုံနေထိုင်လျက်ရှိကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here