ပဲခူးမြို့တွင်ရေကြီးနေ၍ ဆက်သွယ်ရေးအနေဖြင့် Ooredoo ဖုန်းလိုင်းသာအသုံးပြု၍ရ

0
297

ပဲခူးတိုင်း၊ပဲခူးမြို့နယ်တွင်ရေကြီးနေသဖြင့် ပြည်သူများအန္တရာယ်မရှိစေရန် လျှပ်စစ်မီးများအားဖြတ်ထားရပြီး ဆက်သွယ်ရေးအနေဖြင့် Ooredoo ဖုန်းလိုင်းသာအသုံးပြု၍ရကြောင်း သိရသည်။

ရေကြီးနေမှုကြောင့် လျှပ်စစ်မီးများဖြတ်ထားချိန်တွင် မီးအလင်းရောင်ရရှိရန် အင်ဗာတာများဖြင့်သာအသုံးပြုနေရပြီး ၂ ရက်ခန့်ကြာမြင့်ပါက အင်ဗာတာများ အားကုန်သွားနိုင်သည့် အခြေအနေတွင်ရှိနေကြောင်း သိရသည်။

ထို့ပြင် ရေကြီးမှုကြောင့် ဆက်သွယ်ရေးလိုင်းများဖြစ်သည့် MPT , ATOM , Mytel ဖုန်းလိုင်းများမှာခေါ်ဆိုမရဖြစ်နေပြီး လက်ရှိအချိန်၌ Ooredoo ဖုန်းလိုင်းတစ်ခုသာ အသုံးပြုဆက်သွယ်၍ရနေကြောင်း သိရသည်။

အိမ်များထဲ​ရေဝင်​နေသဖြင့် တထပ်ထဲရှိသည့်အိမ်များ​မှာ ​နေအိမ်စွန့်ခွာ​နေကြပြီဖြစ်သည်။ ၂ထပ်အိမ်အချို့ကမူ ​အ​ပေါ်ထပ်သို့ ရေ ၆​ပေခန့် ကွာ​နေ​သေးသဖြင့် ​နေလို့ရ​သ​လောက် ​နေ​နေကြသူများလည်းရှိသည်။

ပုံများမှာ ပဲခူးမြို့လယ်ရှိ ​ညောင်ဝိုင်း ၁၃လမ်း ကို မှတ်တမ်းယူထားခြင်းဖြစ်သည်။​ရေပြန်ကျသွားပါက ကျန်းမာ​ရေးအတွက် လုပ်​ဆောင်ရမည်များ အများအပြားရှိသည်။

Photos-MeMeThet


LEAVE A REPLY

Please enter your comment!
Please enter your name here