ရေဝင်ရောက်မှုများကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယာယီပိတ်မည်

0
225

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ရေဝင်ရောက်လျက်ရှိသဖြင့် ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်နေသည့် လူမှုကူညီရေးအသင်းများမှ သိရသည်။

“ပဲခူးမြို့ထဲမှာရှိတဲ့ စာသင်ကျောင်းတွေ အကုန်လုံးနီးပါးမှာ ရေတွေဝင်နေတော့ စာသင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ကျောင်းတက်နေတဲ့ ကလေးတွေရဲ့ အိမ်တွေလည်း ရေဝင်တာတွေရှိတယ်။ လမ်းတွေလည်း ရေကျော်နေတော့ ကျောင်းတွေကို ယာယီပိတ်ထားရတော့တာပေါ့”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

လက်ရှိအချိန်၌ ရေဝင်ရောက်လျက်ရှိသည့် စာသင်ကျောင်းများအတွင်းရှိ စာရွက်စာတမ်းများအား ရေဘေးလွတ်ကင်းသည့်နေရာသို့ လူမှုကူညီရေးအသင်းဝင်များက ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

ယာယီပိတ်ခဲ့ရသည့် စာသင်ကျောင်းများအား ရေပြန်လည်ကျဆင်းသွားချိန်တွင် ကျောင်းသား၊ ကျောင်းသူများစာသင်ချိန် နောက်မကျစေရေးအတွက် အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here