အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများ လုံခြုံသည့်နေရာများ၌ နေထိုင်ရန် မြန်မာအစိုးရ သတိပေး

0
310
A missile explodes in Gaza City during an Israeli air strike on October 8, 2023. - srael, reeling from the deadliest attack on its territory in half a century, formally declared war on Hamas Sunday as the conflict's death toll surged close to 1,000 after the Palestinian militant group launched a massive surprise assault from Gaza. (Photo by MAHMUD HAMS / AFP)

အစ္စရေးနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံစိတ်ချရသည့်နေရာများ၌ နေထိုင်ရန် မြန်မာနိုင်ငံအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့အောက်တိုဘာ (၉) ရက် နံနက်ပိုင်းတွင် သတိပေးထုတ်ပြန်ထားသည်။

အောက်တိုဘာ (၇) ရက် နံနက်အစောပိုင်းတွင် ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့များက အစ္စရေးနိုင်ငံဘက်သို့ ထောင်နှင့်ချီသည့် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ၊ မြေပြင်က ဝင်ရောက်တိုက်ခိုက်ခြင်းတွေကို ပြုလုပ်ခဲ့ရာမှ စစ်ပွဲအသွင်ဖြစ်ပွားနေခြင်း ဖြစ်သည်။

အစ္စရေး လေတပ်မှလည်း ပါလက်စတိုင်းဘက်အခြမ်း ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းမှ တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် တိုက်ပွဲအရှိန် ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုများအတွင်း နှစ်ဘက်အရပ်သားများအပါအဝင် ရာနှင့်ချီ သေဆုံးမှုများရှိပြီး ၊ ထောင်နှင့်ချီသော အရပ်သားများလည်း ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေခြင်း ဖြစ်သည်။

မြန်မာအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရေးတကြီး လိုအပ်ချက်မရှိပါက မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ရန်၊တိုက်ပွဲအခြေနေနှင့်ကြုံတွေ့ပါက လုံခြုံသည့်နေရာတွင် နေထိုင်ကြရန် ယနေ့နံနက်ပိုင်းက အသိပေးထားသည်။

ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် အကူအညီ လိုအပ်ပါက မြန်မာသံရုံးဖုန်း- (၉၇၂) (၃) ၅၁၇၀၇၆၀ (၉၇၂) (၃) ၅၁ ၆၃၃၆၄ Hotline No. ၀၅၈ ၇၈၉၉၁၇၇/ ၀၅၈ ၄၀၈၁၃၄၇ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေး ရာဦးစီးဌာန၊ကောင်စစ်ရေးရာဌာန၊ နိုင်ငံသားအကျိုးဌာနခွဲ၊နေပြည်တော် Hotline No. (၉၅) ၉၄၃၁၁၈၄၅၀/ (၉၅) ၉၈ ၈၂၂၆၄၇၄၄ တို့သို့ဆက်သွယ်အကူအညီတောင်းခံနိုင်ကြော င်း သိရသည်။

ထို့အတူ အစ္စရေးအစိုးရမှ ထုတ်ပြန်သတိပေးချက်များကိုလည်း National Emergency Portal – Home Page တွင် ပုံမှန်စောင့်ကြည့်ရန်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးတိုက်တွန်းထားသည်။

photo : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here