ပဲခူးရေဘေးကူညီရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များ သွားရောက်

0
329

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၌ ဖြစ်ပေါ်လျက်ရှိသည့် ရေဘေးတွင် ကူညီကယ်ဆယ်မှုများပြုလုပ်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များ ယနေ့ အောက်တိုဘာ (၉)ရက် နံနက်ပိုင်းကသွားကြပြီဖြစ်သည်။

ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များနှင့်အတူ ရေပြင်ရှာဖွေကယ်ဆယ်ရေးသုံး ရေယာဉ်/စက်ပစ္စည်း ကိရိယာများ၊ ရေပြင်ကယ်ဆယ်ရေးဆိုင်ရာ တစ်ကိုယ်ရေသုံးဝတ်စုံပစ္စည်းကိရိယာများပါရှိကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး (အထူး)တပ်ဖွဲ့ဝင်များ အနေဖြင့် ပဲခူးတိုင်းမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရေဘေးသင့်ပြည်သူများအား စွမ်းအားမြှင့် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ကင်းသည့် ဘုန်းတော်ကြီးကျောင်းများနှင့် ယာယီရေ ဘေးကယ်ဆယ်ရေးစခန်းများသို့ ကူညီပို့ဆောင်ပေးထားရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here