စားအုန်းဆီ ရည်ညွှန်းဈေး တစ်ပိဿာ ၄၃၄၀ ကျပ်သတ်မှတ်ထားပြီး ယခင်တစ်ပတ်ထက် ဈေးအနည်းငယ်ကျလာ

0
372

ယခုတစ်ပါတ်အတွက် အစိုးရက သတ်မှတ်ပေးထားသည့် ရန်ကုန်အထိုင် စားအုန်းဆီရည်ညွှန်းဈေးမှာ တစ်ပိဿာ ၄၃၄၀ ကျပ် ဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများမှ ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုအရ အောက်တိုဘာ (၉) ရက်မှ အောက်တိုဘာ (၁၅) ရက်အထိ အဆိုပါ ရည်ညွှန်းဈေးဖြင့်ရောင်းချရန် သတ်မှတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်ပတ်တွင် ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာ (၄၃၉၀) ကျပ် သတ်မှတ်ထားပြီး ယခင်တစ်ပတ်ဈေးနှုန်းထက် (၅၀) ကျပ် ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်များတွင် သတ်မှတ်လက်လီ အရောင်းဆိုင်များ၌ စားအုန်းဆီတစ်ပိဿာ ကျပ် ၄၅၀၀ ဖြင့်ရောင်းချပေးနေပြီး ပြင်ပလက်လီ အရောင်းဆိုင်များတွင် စားအုန်းဆီ တစ်ပိဿာလျင် ကျပ် ၈၀၀၀ ဝန်းကျင်အထိရှိကြောင်း သိရသည်။

ဈေးကွက်အတွင်း၌ စားအုန်းဆီကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here