၆ လအတွင်း တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ပြည်ပကုန်သွယ်မှု ကန်ဒေါ်လာ ၈၃ ဒသမ ၀၅ သန်း ဆောင်ရွက်နိုင်ခဲ့

0
259

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ထိုင်း၊ တရုတ်တို့နှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ စုစုပေါင်း ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၈၃ ဒသမ ၀၅ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ယခုနှစ်ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ကုန်သွယ်မှုကဏ္ဍအနေဖြင့် ပို့ကုန် ကဏ္ဍမှ ကန်ဒေါ်လာ ၃၁ ဒသမ ၁၇ ၅ သန်းနှင့် သွင်းကုန်ကဏ္ဍမှ ကန်ဒေါ်လာ ၅၁ ဒသမ ၈၇၅ သန်းဖြင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၈၃ ဒသမ ၀၅ သန်း ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

တာချီလိတ် ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ လျာထားချက်အပေါ် ၁၁၀ ဒသမ ၃၇ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပြီးခဲ့သည့် အောက်တိုဘာ  ၃ ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် အလူမီနီယမ်ဖြတ်စ ၆ တန်နှင့် ကတ်စက္ကူ ဖြတ်စ ၃၆ တန် တင်ပို့ခဲ့ပြီး သွင်းကုန်အနေဖြင့် ဘိလပ်မြေ (၄၄၀)တန် ၊ Brand New Excavator (၃) ခု၊ မီးအုတ်ခံ တန် ၄၀၊ စားသောက်ကုန် (Chocolate Flavoured Ice Confection) ၁ ဒသမ ၇၁၃ တန် တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here