အစ္စရေး – ပါလက်စတိုင်းအရေးခင်းအတွင်း နီပေါကျောင်းသားဆယ်ဦးသေ-ဆုံးခဲ့

0
327
A plume of smoke rises in the sky of Gaza City during an Israeli airstrike on October 9, 2023. - Israel relentlessly pounded the Gaza Strip overnight and into October 9 as fighting with Hamas continued around the Gaza Strip, as the death toll from the war against the Palestinian militants surged above 1,100. (Photo by MAHMUD HAMS / AFP)

အစ္စရေးကို ဟားမက်စ်အဖွဲ့၏ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် အစ္စရေးသို့ရောက်ရှိနေသည့် နီပေါကျောင်းသားဆယ်ဦးသေ‌-ဆုံးခဲ့ကြောင်း အစ္စရေး ရှိ နီပေါသံရုံးကအတည်ပြုပြောကြားခဲ့သည်။

အစ္စရေးရှိနီပေါသံရုံးမှအရာရှိတစ်ဦး၏ပြောကြားချက်ကိုကိုးကား၍ ANI သတင်းဌာနက “အစ္စရေးနဲ့ပါလက်စတိုင်းကြားကတင်းမာမှုနဲ့ပဋိပက္ခကြောင့် ဖြစ်နေတဲ့တိုက်ပွဲအတွင်း နီပေါကျောင်းသားဆယ်ယောက်သေ-ဆုံးခဲ့ပါတယ်” ဟုဖော်ပြခဲ့သည်။

နီပေါနိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့က အောက်လွှတ်တော်၌မိန့်ခွန်းပြောကြားစဉ် “အစ္စရေးတွင် ပြုစုစောင့်ရှောက်သူများအဖြစ်လုပ်ကိုင်နေသည့် နီပေါနိုင်ငံသား စုစုပေါင်း ၄,၅၀၀ ရှိပြီး နီပေါကျောင်းသား စုစုပေါင်း ၂၆၅ ယောက်ရှိကာ ၎င်းတို့သည် အစိုးရကလုပ်ဆောင်နေသည့် ‘Learn and Earn’ ပညာသင် အသက်မွေး အစီအစဉ် အရ ပညာသင်နေကြခြင်းဖြစ်သည်ဟုလည်းသိရသည်။

အလားတူပင် အစ္စရေး၌ပညာသင်ကြားနေသူကမ္ဘောဒီးယားကျောင်းသားလည်း ၄၅၀ ခန့်ရှိပြီး ယင်းတို့အနက် တစ်ဦးသေ-ဆုံးသွားကြောင်း ကမ္ဘောဒီးယားအစိုးရကထုတ်ပြန်ကြေငြာခဲ့သည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here