အိန္ဒိယကို ၂ ဂိုး ၅ ဂိုးဖြင့် အနိုင်ရပြီး မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း AFC Futsal Asian Cup 2024 ခြေစစ်ပွဲအောင်မြင်

0
462

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အိန္ဒိယကို ၂ ဂိုး ၅ ဂိုးရလဒ်ဖြင့် အနိုင်ရရှိပြီး AFC Futsal Asian Cup 2024 ခြေစစ်ပွဲအောင်မြင်သွားပြီ ဖြစ်ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၉ ရက်ညနေ ၅ နာရီ ၃၀ မိနစ်က မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနှင့် အိန္ဒိယ အသင်းတို့ AFC Futsal Asian Cup 2024 ခြေစစ်ပွဲဒုတိယပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ပထမပိုင်းတွင် ၁ ဂိုး ၃ ဂိုး ပွဲအပြီးတွင်၂ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲအဖွင့်ပွဲစဥ်တွင် ပါလက်စတိုင်းကို ၂ ဂို ၁ ဂိုး ယနေ့ အိန္ဒိယကို ၂ ဂိုး ၅ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ခြေစစ်ပွဲ အောင်မြင်သွားပြီး အုပ်စုဗိုလ်နေရာအတွက် အောက်တိုဘာ ၁၁ ရက်တွက် အိမ်ရှင် တာဂျစ်ကစ္စတန် အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အဆိုပါခြေစစ်ပွဲအတွက် ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၂၄ ရက်မှ စတင်ကာ လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်ထားကြောင်းလည်း သိရသည်။

Photo – MFF Futsal


LEAVE A REPLY

Please enter your comment!
Please enter your name here