အစ္စရေး – ဟားမက်စ်တိုက်ပွဲအတွင်း ထိုင်းနိုင်ငံသား ၁၂ ဦးသေဆုံးခဲ့ဟုဆို

0
289
A woman stands at the entrance of a damaged house in the southern Israeli city of Ashkelon after a rocket attack from Gaza on October 9, 2023. - Stunned by the unprecedented assault on its territory, a grieving Israel has counted over 700 dead and launched a withering barrage of strikes on Gaza that have raised the death toll there to 493 according to Palestinian officials. (Photo by Menahem KAHANA / AFP)

ဘန်ကောက်၊အောက်တိုဘာ ၉

အစ္စရေးနိုင်ငံမှာဖြစ်ပွားနေ သော မငြိမ်သက်မှုများကြောင့် ထိုင်းလူမျိုး ၁၂ ဦးနှင့်နီပေါနိုင်ငံသား ၁၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟုသိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ယခုသေဆုံးခဲ့သည့်ထိုင်းနိုင်ငံသား ၁၂ ဦးအပြင် ၈ ဦးဒဏ်ရာရရှိခဲ့ပြီး ၁၁ ဦး မှာ ဓားစာခံအဖြစ်အဖမ်းခံထားရကြောင်းပြောကြားခဲ့သည်။

“အစ္စရေးရောက်ထိုင်းနိုင်ငံသားတွေကိုကူညီနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးပမ်းနေပါတယ်” ဟုလည်း၎င်းကပြောကြားခဲ့သည်။

အစ္စရေးတွင် ထိုင်းလူမျိုး ၃၀,၀၀၀ ခန့်ရှိကြောင်း ဘန်ကောက်မြို့အလုပ်သမားဝန်ကြီးဌာန၏ ပြောကြားချက်အရသိရှိရပြီး ၎င်းတို့အနက်အများစုမှာ ဆောက်လုပ်ရေး နှင့် စိုက်ပျိုးရေးလုပ်ငန်းတွင်လုပ်ကိုင်ကြကြောင်းလည်းသိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနဝန်ကြီးကမူ ယခုလက်ရှိအချိန်တွင် အစ္စရေးစစ်တပ်က အန္တရာယ်ဇုန်အတွင်းရှိနေသည့်အလုပ်သမားများအား စတင်နေရာရွှေ့ပြောင်းပေးနေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံပြန်ရန် အကူအညီတောင်းထားသူ ထိုင်းနိုင်ငံသား ၁,၀၉၉ ဦးရှိကြောင်းသိရပြီး ထိုင်းနိုင်ငံသား ၅,၀၀၀ ဦးခန့်သည် တိုက်ပွဲဖြစ်ပွားရာနေရာရှိလုပ်ငန်းခွင်များ၌ရှိနေကြသည်ဟုလည်းဆိုသည်။ ၁,၅၀၀ ခန့်ကနေရာရွှေ့ပြောင်းပေးရန်တောင်းဆိုထားကြသည်ဟုသိရသည်။

ထို့အပြင် နီပေါနိုင်ငံသား ၁၀ ဦးသေဆုံးခဲ့ သကဲ့သို့ အမေရိကန်နိုင်ငံသား ၉ ဦးလည်းသေဆုံးခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသား ၆ ဦးပျောက်ဆုံးနေသည့်အပြင် ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦးလည်းသေဆုံးခဲ့သည်ဟုသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here