ကလီထော် တူးမြောင်းမကြီးကျိုးပေါက်မှုကြောင့် ကြာအင်းအရှေ့ကျေးရွာရှိ နေအိမ်များနှင့် လယ်ဧက (၄၀) ခန့် ရေနစ်မြုပ်လျက်ရှိ

0
383

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်းရှိ ကလီထော်တူးမြောင်းမကြီးသည် အောက်တိုဘာ (၇) ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နံနက် (၃) နာရီခန့်တွင် ကျိုးပေါက်ခဲ့သဖြင့် ကြာအင်းအရှေ့ကျေးရွာရှိ နေအိမ်များနှင့်လယ်ဧက (၄၀) ခန့် ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

ကလီထော်တူးမြောင်းမကြီး၏ ပေတိုင် ၁၆+၅၀၀ မှ ပေတိုင် ၁၆+၅၃၅ အတွင်း အလျား ၃၅ ပေ၊ အနက် ၁၀ ပေခန့်ကျိုးပေါက်သွားခဲ့ခြင်းဖြစ်ကာ အခင်းဖြစ်နေရာသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းမှ အောက်တိုဘာ (၈) ရက်မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြေင်း သိရသည်။

အဆိုပါ ကျိုးပေါက်နေသည့် နေရာအား ပြန်လည်ပြင်ဆင်မှု အမြန်ဆုံးပြီးဆုံးအောင်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးလမ်းဦးစီးဌာန၊တိုင်းဒေသကြီး ကျေးလက်လမ်းဦးစီး ဌာန၊ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကာ ပြီးစီးပါက စောင့်ကြည့်ကြရန်လည်းမှာကြားခဲ့ ကြောင်းလည်း သိရသည်။

အောက်တိုဘာ (၇) ရက်က မိုးရေချိန် ၃ ဒသမ ၃၉ လက်မအထိရွာသွန်းခဲ့သဖြင့် ကလီထော်ရေလှောင်တမံ၏ ရေပိုလွှဲမှ လျှံရေများအပြင် တမံရေထုတ်ပြွန်မှ ထုတ်လွှတ်ရေနှင့်အနီးပတ်ဝန်းကျင်မှစီးဝင်လာသည့်ရေများသည် တူးမြောင်းမကြီး၏ သတ်မှတ်ဒီဇိုင်းရေထုစီးနှုန်းထက် များပြားစွာစီးဝင်မှုကြောင့် ကလီထော်တူးမြောင်းမကြီးကျိုးပေါက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကျိုးပေါက်သည့်နေရာအား Backhoe (၃) စီး၊ Dumper (၃) စီးဖြင့် တုတ်တန်းရိုက်ခြင်း၊ မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသ ည်။

ထို့ပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်သည် ငမိုးရိပ်ရေလှောင်တမံရှိ တာတမံများ၊ရေပိုလွှဲများကြံ့ခိုင်မှု ရှိ/မရှိ၊ ကန်ရေ ပြည့်အမှတ်နှင့် ရေကျော်မှုအခြေအနေ ရှိ/မရှိနှင့်ရေထိန်းမျှော်စင်တို့အား ကြည့်ရှုစစ်ဆေးပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေတက်လာပါက အန္တရာယ်ရှိနိုင်သော နေအိမ်များကို ပြောင်းရွှေ့နေရာချထားပေးနိုင်ရန် တာဝန်ရှိသူများမှ ဆောင်ရွက်ကြရမည်ဖြစ်ပြီး ရေအတက်/အကျကို အချိန်နှင့်တပြေးညီတင်ပြနိုင်ရန် ရေကင်းများချထားရန်လည်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here