ကမ္ဘာ့ရေနံစိမ်း ဈေးမြင့်တက်လာသည့်အတွက် မြန်မာ့ စက်သုံးဆီဈေးနှုန်းလည်း ၂၀၀၀ ကျပ်အထက်သို့ ပြန်မြင့်တက်လာ

0
139

ကမ္ဘာ့ရေနံစိမ်းဈေး မြင့်တက်လာသည့်အတွက် ယနေ့ပြည်တွင်းစက်သုံး‌ဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ ဖော်ပြထားသည့် ဈေးနှုန်းများအရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၅) ရက်မှ (၉) ရက်အထိ ပြည်တွင်း စက်သုံးဆီ ၉၂ တစ်လီတာ ကျပ် ၂၀၀၀ အောက် ကျဆင်းခဲ့ရာမှ ယနေ့ အောက်တိုဘာ (၁၀) ရက်တွင် တစ် လီတာ ၂၀၀၀ ကျပ် အထက်သို့ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

“ဆီကတော့ ခုချိန်ထိတန်းစီ ဝယ်နေရတုန်း။ အဆင်မပြေဘူး။ ၉၅ ထက် ၉၂ က ဝယ်မရတာများတယ်။ ဆိုင်တိုင်းမရဘူး” ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်အတွင်းက စတင်ကာ ရန်ကုန်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်အချို့တွင် စက်သုံးဆီပြတ်လပ်မှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပြီး ဈေးကွက်အတွင်း၌ ၉၂ နှင့် ၉၅ ဝယ်ယူရန် ခက်ခဲမှုများရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယနေ့အောက်တိုဘာ (၁၀) ရက် စက်သုံးဆီ ရန်ကုန်ဈေးကွက်တွင် ၉၂ တစ်လီတာ ၂၀၁၅ ကျပ် ၊ ၉၅ တစ်လီတာလျှင်၂၁၁၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၁၀ ကျပ်၊ပရီမီယံ ဒီဆယ်တစ်လီတာလျှင် ၂၃၅၀ ကျပ် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here