အမေရိက က အစ္စရေးသို့ လေကြောင်းရန် ကာကွယ်ရေးနှင့် ခဲယမ်းမီးကျောက်အရှိန်မြှင့်ပို့ဆောင်နေဟုဆို

0
165

ဝါရှင်တန်၊အောက်တိုဘာ ၁၀

ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကိုတုံ့ပြန်ရန်အတွက် အစ္စရေးနိုင်ငံသို့ လေကြောင်းရန်ကာကွယ်ရေး၊ ခဲယမ်းမီးကျောက်များနှင့် အခြားသောလုံခြုံရေးအကူအညီများပံ့ပိုးကူညီရန် အမေရိကန်စစ်တပ်က အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု အမည်မဖေါ်လိုသူ အမေရိကန်အကြီးတန်းကာကွယ်ရေးအရာရှိတစ်ဦးကအောက်တိုဘာ ၉ ရက်တွင်ပြောကြားခဲ့သည်။

“အခုဆိုလေယာဉ်တွေလဲတက်သွားပါပြီ” ဟု အမည်မဖော်လိုသူပင်တဂွန်အရာရှိတစ်ဦးကပြောကြားခဲ့သည်။

“ကျွန်တော်တို့ အစ္စရေးကိုအင်တိုက်အားတိုက်ပံ့ပိုးကူညီနေပါတယ်၊အစ္စရေးက တာဝန်ရှိသူလုပ်ဖော်ကိုင်ဖက်တွေနဲ့လည်းအဆက်မပြတ်ဆက်သွယ်နေပြီး အရေးတကြီးလိုအပ်ချက်များကိုလည်း ဆုံးဖြတ်ပံ့ပိုးပေးနေပါတယ်” ဟုအမေရိကန်ကဆိုသည်။

အမေရိကန်သမ္မတဘိုင်ဒင်ကမူ အစ္စရေး – ဟားမတ်စ်အရေးအခင်းအတွင်း အမေရိကန်နိုင်ငံသား ၁၁ ဦးသေဆုံးခဲ့ပြီး ဓားစာခံအဖမ်းခံထားရသူများထဲတွင် အမေရိကန်နိုင်ငံသားများပါဝင်နိုင်ကြောင်းလည်းပြောကြားခဲ့သည်။

Source : Reuters
Photo : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here