အိန္ဒိယရေကြီး ၊  ၇၄ ဦး ‌ေ သ၊ အများအပြားပျောက်ဆုံး

0
149
This handout photograph released by the Indian Army and taken on October 4, 2023, shows a house amid flood waters after the Teesta River overflowed in India's Sikkim state following a flash flood caused by intense rainfall. (Photo by INDIAN ARMY / AFP)

ရမ်ဂပူ/အိန္ဒိယ၊အောက်တိုဘာ ၉

အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းမှ ရေခဲကန်ကမ်းပါးပြိုကျမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ယခုအခါရေပြန်ကျသွားပြီဖြစ်သော်လည်း ‌ေ သ-ဆုံးသူဦးရေ သည် ၇၄ ဦးအထိမြင့်တက်လာကာ လူပေါင်း ၁၀၁ ဦးပျောက်ဆုံးနေသေးကြောင်းဒေသဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်ရာပြည်နယ်၌ ‌ေ သ-ဆုံးသူ ၁၅ ဦး၏ရုပ်-အလောင်းအား ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ဆောင်ရင်း‌ေ သ-ဆုံးသွားရသည့် တပ်မတော်သား ၈ ဦး၏ရုပ်အလောင်းများကိုမူ အနီးနားရှိအနောက်ဘင်္ဂလားပြည်နယ်မှပြန်လည်တွေ့ရှိခဲ့ကြောင်းလည်းသိရသည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် ဟိမဝန္တာဒေသ၌ သဘာဝဘေးအန္တာရာယ်များဖြစ်ပေါ်လေ့ရှိရာ ယခုနောက်ဆုံးတစ်ကြိမ် ရေခဲကန်ကမ်းပါးပြိုကျမှုတွင် လူခုနစ်ဆယ်ကျော်‌ေ သ-ဆုံးပြီး ၁၀၁ ဦးပျောက်ဆုံးနေကာ ၎င်းတို့ထဲတွင် တပ်မတော်အရာရှိ ၁၄ ဦးလည်းပါဝင်ကြောင်းဒေသဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။

ယခုရေကြီးရေလျှံမှုတွင် အသက်ရှင်ကျန်ရစ်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေသော်လည်း လမ်းပမ်းဆက်သွယ်ရေးနှင့် တယ်လီဖုန်းအဆက်အသွယ်များ ပြတ်တောက်သွားခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ထင်သလောက်မအောင်မြင်ခဲ့ပဲ အပျက်အစီးများအောက် အသက်ရှင်ကျန်သူရှိလိုရှိငြားရှာဖွေရန်အတွက် ဒေသခံများကိုယ်တိုင် ကိုယ်ထူကိုယ်ထဆောင်ရွက်နေကြရသည်ဟုလည်းသိရသည်။

Source : Reuters
Photo : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here