ပဲခူးမြို့ပေါ် အမြင့်ပိုင်းရပ်ကွက်များ ရေပြန်ကျသော်လည်း အနိမ့်ပိုင်းရပ်ကွက်များ ရေနစ်မြုပ်လျက်ရှိ နေသေး

0
325

နှစ်ပေါင်း (၆၀) အတွယ်း မကြုံစဖူးအခြေအနေနှင့် အဆိုးရွားဆုံး ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရသည့် ပဲခူးမြို့တွင် မြို့ပေါ်အမြင့်ပိုင်း ရပ်ကွက်များ ‌‌ယနေ့အောက်တိုဘာ (၁၁) ရက်တွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း အချို့အနိမ့်ပိုင်း ရပ်ကွက်များမှာ ရေပြန်ကျခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် အောက်တိုဘာ (၈) ရက်မှ စတင်ကာ ပဲခူးမြို့ပေါ်တွင် စံချိန်တင်ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ် သည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ပဲခူးမြို့ခံများ အပါအဝင် အနီးပတ်ဝန်းကျင်ရွာများမှ ဒေသခံ သောင်းနှင့်ချီ ရေဘေးသင့်ခဲ့ရပြီး ရေဘေးကယ်ဆယ်ရေးစခန်း ဆယ်နှင့်ချီဖွင့်လှစ်ကူညီနေရခြင်း ဖြစ်သည်။

လက်ရှိအချိန်ထိ ပဲခူးမြို့ပေါ်ရှိ ရွှေမော်ဓောဘုရား အနီးနှင့် အမြင့်ပိုင်းရပ်ကွက်များတွင် ရေပြန်လည်ကျဆင်းနေပြီဖြစ်‌သော်လည်း အနိမ့်ပိုင်းရပ်ကွက်အများစုမှာ ရေပြန်လည်ကျဆင်းမှုမရှိသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

” အခုထိရေကမကျသေးဘူး။ လူတစ်ရပ်စာလောက်ရှိတယ်။ ရေစီးကလည်း သန်တယ်။ အခန့်မသင့်ရင် လူတောင်မျောသွားနိုင်တယ်” ဟု ပဲခူးမြို့ ရွှေသာလျောင်းရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ အောက်တိုဘာ (၁၁) ရက် ညနေပိုင်းအထိ ပဲခူးမြို့ပေါ်ရှိ ကျွန်းသာယာ၊ မဇင်း၊ ကလျာဏီ၊ ဇိုင်းတောင်၊ ကျောက် ကြီးစု၊ မြို့သစ်၊ ဂေါင်းဆေးကျွန်း၊ စက်ပိုင်း၊ ရေကျော်၊ မုန်တိုင်းရွာ၊ ကျော်တွင်းကုန်း စသည့် ရပ်ကွက်များတွင် ရေနစ်မြုပ်မှုများ ရှိနေသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here