ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးက အပြင်းထန်ဆုံးလေကြောင်းတိုက်ခိုက်မှုများနှင့် ဖြိုခွင်း

0
202

ဂျေရုဆလင်၊အောက်တိုဘာ ၁၀

ဟားမက်စ်အဖွဲ့က ၎င်းတို့အားတစ်ခါတိုက်ခိုက်ပါက ဓ-ားစာခံတစ်ဦးကိုသ-တ်မည်ဟုခြိမ်းခြောက်ထားသော်လည်း အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားနိုင်ပြီဟု အောက်တိုဘာ ၁၀ ရက်ကပြောကြားခဲ့သည်။

ပါလက်စတိုင်းနှင့် ၇၅ နှစ်ကြာ ပဋိပက္ခသမိုင်းတစ်လျှောက် အပြင်းထန်ဆုံးလေကြောင်းတိုက်ခိုက်မှုများဖြင့် ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

အစ္စရေးမီဒီယာများ၏ဖော်ပြချက်အရ နှစ်ဖက်တိုက်ပွဲများကြောင့် ‌ေ သ-ဆုံးသူ လူဦး‌ရေသည် ၉၀၀ ကျော်အထိရှိလာပြီး အစ္စရေးလူမျိုးအများအပြားကိုလည်း ဓ-ားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်ဟုသိရသည်။

အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒေသခံလူစုစုပေါင်း ၈၃၀ သေဆုံးကာ ၄,၂၅၀ ဦး အထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရပြီး ဂါဇာ‌ဒေသခံပေါင်း ၁၈၀,၀၀၀ ခန့် သည် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟုလည်း ကုလသမဂ္ဂကပြောကြားခဲ့သည်။

သို့သော် ပါလက်စတိုင်းပြည်သူများ၏ပြောကြားချက်အရ အစ္စရေးအရာရှိများအနေဖြင့် တိုက်ခိုက်မှုမလုပ်မီ ၎င်းတို့၏လက်ကိုင်ဖုန်းများထံဆက်သွယ်ကာ နေအိမ်များမှအမြန်ဆုံးရှောင်ပြေးရန် သတိပေးခြင်းခံခဲ့ရသည်ဟုလည်းသိရသည်။

အီတလီ၊ထိုင်းနှင့် ယူကရိန်းအစိုးရများသည် ဟားမတ်စ် တို့၏ တိုက်ခိုက်မှုအတွင်း ၎င်းတို့၏နိုင်ငံသားများ ‌ေသ-ဆုံးခဲ့ကြောင်း ပြောကြားခဲ့ပြီး ဝါရှင်တန်တွင် သမ္မတဂျိုးဘိုင်ဒင်က အနည်းဆုံး အမေရိကန်နိုင်ငံသား ၁၁ ဦး‌ေ သ-ဆုံးခဲ့ရပြီး ဓ-ားစာခံဖမ်းဆီးခံရသူများထဲတွင်လည်း အမေရိကန်နိုင်ငံသားများ ပါဝင်ဖွယ်ရှိကြောင်းကြေငြာခဲ့သည်။

Source : Reuters
Photo : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here