မြဝတီခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များလှူဒါန်း

0
236

ကရင်ပြည်နယ်၊မြဝတီခရိုင်ရှိ ဌာနဆိုင်ရာဝန် ထမ်း ၄၅၇ ဦးအား အခြေခံစားသောက်ကုန်များကို အောက်တိုဘာ ၁၁ ရက် (ယနေ့) နံနက် ၉ နာရီက မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌လှူဒါန်းခဲ့ကြောင်း သိရသည်။

ဌာနဆိုင်ရာဝန်ထမ်း ၄၅၇ ဦးအား အခြေခံစား သောက်ကုန်များကို ကရင်ပြည်နယ်၊သာသနာ့နုဂ္ဂဟအသင်း ဥက္ကဋ္ဌ၊ဘာသာပေါင်းစုံချစ်ကြည်ရေးနာယကဦးစောမုတ်သုန်မှလှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

ဌာနဆိုင်ရာဝန်ထမ်းများ တစ်ဖက်တစ်လမ်းမှစားသောက်မှုအဆင်ပြေချောမွေ့စေရေးအတွက် လှူဒါန်းပေးရခြင်းဖြစ်ကြောင်း ဦးစောမုတ်သုန်က ပြောကြားခဲ့သည်။

ထိုသို့ လှူဒါန်းပေးရာ၌ မြဝတီခရိုင်အတွင်းရှိ ဌာနဆိုင်ရာ ၃၅ ခုမှဝန်ထမ်း ၄၅၇ ဦးအတွက် ဆန်အိတ် ၄၅၇ အိတ်၊ ဆီ ၄၅၇ ဘူးနှင့်အခြေခံစားသောက်ကုန်များဖြစ်သည့် ငါးသေတ္တာ၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဟင်းခတ်မှုန့်နှင့်ဆားတို့အား လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here