NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအတွက်ပြင်ဆင်လျက်ရှိ

0
529

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ် လည်နေ့အခမ်းအနားအတွက် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC II)၌ ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။

ထိုသို့ ပြင်ဆင်နေမှုများအား အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့်တာဝန်ရှိသူများမှ အောက်တို ဘာ ၁၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

MICC II ရှေ့မျက်နှာစာတွင် ကျင်းပမည့်အခမ်းအနားတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ရန်နှင့်စက်ခလုတ်နှိပ်ဖွင့်လှစ်ရန်အစီအစဉ်နှင့်နေရာအခင်းအကျင်း MICC-ll Lobby တွင်ခင်းကျင်းပြသမည့် နယ်စပ်ရေးရာဝန်ကြီးဌာနပြခန်း၊တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြခန်းနှင့်ပြန်ကြားရေး ဝန်ကြီးဌာနပြခန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ပြခန်း၌ သတင်းစာများကပြောသော ငြိမ်းချမ်းရေးသမိုင်းမှတ်တမ်း၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းနှင့်မြန်မာ့အသံရေဒီယိုတို့မှ တိုင်းရင်းသားဘာသာများဖြင့် ထုတ်လွှင့်မှုသ ရုပ်ပြခန်းတို့အား ဖွင့်လှစ်ပြသသွားမည်ဖြစ် သည်။

ထို့ပြင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းတို့မှ အခမ်းအနားတွင် ကပြဖျော်ဖြေမည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များ၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊အနုပညာဦးစီးဌာနနှင့်ပြန်ကြားရေးဝန်ကြီးဌာန၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ အကအဖွဲ့များ ဇာတ်တိုက်လေ့ကျင့်နေမှု၊ Plenary Hall တွင်အခမ်းအနားပြင်ဆင်နေမှု၊ LED ဘုတ်များတပ်ဆင်မှု၊လျှပ်စစ်မီးနှင့်အသံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်နေမှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားအား အောက်တိုဘာ ၁၅ ရက်၌ကျင်းပသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here