လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံရှိမလာသေးသရွေ့ ဒေသတွင်း တည်ငြိမ်မှုရှိမည်မဟုတ်ဟု ဂျော်ဒန်ဘုရင်ပြောကြား

0
366

အစ္စရေးနှင့်အတူ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာခြင်းမရှိပါက အရှေ့အလယ်ပိုင်းတွင် တည်ငြိမ် ငြိမ်းချမ်းမှု မဖြစ်နိုင်ကြောင်း ဂျော်ဒန်ဘုရင် Abdullah က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

၁၉၆၇ ခုနှစ် အာရပ်-အစ္စရေးစစ်ပွဲတွင် အစ္စရေးက သိမ်းပိုက်ခဲ့သည့် နယ်မြေ၌ အချုပ်အခြာအာဏာပိုင် ပါလက်စတိုင်းနိုင်ငံမရှိသေးသမျှ ယင်းဒေသသည် တည်ငြိမ်မှု၊ လုံခြုံရေး သို့မဟုတ် ငြိမ်းချမ်းရေးကို ခံစားနိုင်မှာမဟုတ်ခြင်းကို ယခုဖြစ်ပွားနေသော ပဋိပက္ခက ပြသနေသည်ဟုလည်း ဂျော်ဒန်ဘုရင်ကပြောကြားသည်။

နိုင်ငံနှစ်ရပ်ဖြေရှင်းရေးသည် တစ်ခုတည်းသောရွေးစရာလမ်းကြောင်းဖြစ်သည်ဟုလည်း ဂျော်ဒန်ဘုရင်က လွှတ်တော်အသစ်အဖွင့်မိန့်ခွန်းတွင် လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။

“နိုင်ငံနှစ်ရပ်ပေါ်လာရေး အဖြေရှာမှုအပေါ် အခြေခံပြီး တရားမျှတတဲ့ ဘက်စုံငြိမ်းချမ်းရေး မရရှိဘဲနဲ့ ကျွန်တော်တို့ ဒေသဟာ ဘယ်တော့မှ လုံခြုံမှာ မဟုတ်သလို တည်ငြိမ်မှုလည်း ရှိလာမှာ မဟုတ်ပါဘူး” ဟု ဘုရင်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံဖြေရှင်းချက်သည် နိုင်ငံတကာငြိမ်းချမ်းရေးဖော်ဆောင်မှု ကြိုးပမ်းမှုများ၏ အခြေခံအုတ်မြစ်ဖြစ်သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း လုပ်ငန်းစဉ်သည် နှစ်ပေါင်းများစွာကတည်းကပင်လျှင် အကောင်အထည်မဖော်နိုင်ခဲ့သလို ဖြစ်နိုင်ခြေသည်လည်း မှေးမှိန်သွားခဲ့သည်။

ဂျော်ဒန်ဘုရင် Abdullah သည် ယခုဖြစ်ပွားနေသည့် နောက်ဆုံး ပဋိပက္ခ စတင်ချိန်မှစ၍ အနောက်နိုင်ငံများနှင့် ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် သံတမန်ရေးရာ ကြိုးပမ်းမှုများတွင် အထူးလုပ်ဆောင်ခဲ့ကာ နှစ်နိုင်ငံဖြေရှင်းချက်နည်းလမ်းကို အရှိန်မြှင့် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here