မြန်မာ အမျိုးသမီး (၂) ဦးအား တရုတ်အမျိုးသားများထံ ရောင်းချရန် ကြံစည်ခဲ့သူအား အလုပ်နှင့်ထောင်ဒဏ် (၁၂) နှစ်ချမှတ်

0
223

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နေ ဒေါ်ဖြူဖြူဝင်းသည် ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နေ အသက်(၁၈)နှစ်အရွယ်ရှိ အမျိုးသမီးငယ်နှင့် ကချင်ပြည်နယ်၊ ရွှေကူမြို့နေ အသက် (၃၃)နှစ်အရွယ် အမျိုးသမီးတို့အား တရုတ်အမျိုးသားနှင့် (၁) လ လက်ထပ်ပေါင်းသင်းနေထိုင်ပါက ယွမ် ၂၀၀၀၀ ရမည်ဖြစ်ကာ ဆက်လက်ပေါင်းသင်းလိုခြင်းမရှိလျင် ပြန်ခေါ်ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စည်းရုံးခဲ့မှုကြောင့် ဒေါ်ဖြူဖြူဝင်းအား လွယ်ဂျယ်နယ်မြေ ရဲစခန်းမှ ဖမ်းဆီးကာ (ပ)၉/၂၀၂၃၊လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့်အမှုဖွင့်ကာ ဗန်းမော်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။

ထို့သို့ တရားစွဲဆိုတင်ပို့ခဲ့သဖြင့် ဗန်းမော်ခရိုင်တရားရုံးမှ ဒေါ်ဖြူဖြူဝင်းအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် (၁၂) နှစ်ကျခံစေဖို့ အောက်တိုဘာ (၁၀) ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here