အီရန်နှင့် စစ်မဖြစ်လိုဟု အစ္စရေးဆို

0
260

အစ္စရေးသည် အီရန်နှင့် စစ်တိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း အစ္စရေးသံတမန် Alexander Ben Zvi က ပြောကြားခဲ့သည်။

“အီရန်နဲ့ စစ်ဖြစ်ဖို့ ကျွန်တော်တို့ ရည်ရွယ်ချက်မရှိပါဘူး” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အီရန်တပ်များသည် အစ္စရေးနယ်မြေဆီသို့ ချဉ်းကပ်လာလျှက်မူ အစ္စရေးက တုံ့ပြန်မည်ဖြစ်ကြောင်း Ben Zvi က ပြောကြားခဲ့သည်။

“ဘယ်သူပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ဟာ ကျွန်တော်တို့နိုင်ငံရဲ့နယ်စပ်ကို ချဉ်းကပ်လာရင်တော့ သေချာပေါက် [တုံ့ပြန်မှုတစ်ခု] ရှိလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ဟားမတ်စ်အဖွဲ့မှ ပါလက်စတိုင်း စစ်သွေးကြွများသည် ဂါဇာကမ်းမြှောင်မှ အစ္စရေးပိုင်နက်ကို အောက်တိုဘာ ၇ ရက်က တိုက်ခိုက်ခဲ့ရာ အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ဖြစ်ပွားခဲ့သည်။ ဟားမတ်စ်က ၎င်း၏ တိုက်ခိုက်မှုသည် ဂျေရုဆလင်မြို့ ဘုရားကျောင်း တောင်ပေါ်ရှိ Al-Aqsa ဗလီတွင် ပြုမူသည့် အစ္စရေး အာဏာပိုင်များ၏ လုပ်ရပ်အတွက် တုံ့ပြန်မှုဖြစ်ကြောင်းဆိုထားသည်။ အစ္စရေးသည် ဂါဇာကမ်းမြှောင်ကို လုံးဝပိတ်ဆို့ထားကြောင်း ကြေညာပြီး လက်ဘနွန်နှင့် ဆီးရီးယားရှိ ပစ်မှတ်များကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

တိုက်ပွဲများနှင့် တိုက်ခိုက်မှုများတွင် ပါလက်စတိုင်း ၁,၂၀၀ နီးပါး သေ-ဆုံးခဲ့ပြီး ၅,၉၀၀ ကျော် ဒဏ်ရာများ ရရှိခဲ့ကာ အစ္စရေးဖက်မှ ၁၅၀၀ ကျော် သေ-ဆုံးခဲ့ပြီး ၄၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here