အိမ်ကွင်းတွင် မကာအိုကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရပြီး မြန်မာအသင်းနောက်တစ်ဆင့်တက်ရန် အလားအလာကောင်း

0
281

ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ပထမအဆင့် ၊ပထမ အကျော့အဖြစ် ယနေ့ အောက်တိုဘာ ၁၂ ရက် က မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအိုအသင်းတို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ထိုသို့ယှဉ်ပြိုင်ကစားရာ မြန်မာ့လက်ရွေးစင်အသင်းက မကာအိုအသင်းကို ၅ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းအတွက်ဂိုးများကို လွင်မိုးအောင်က ၂ ဂိုး၊ စိုးမိုးကျော်၊ အောင်ကောင်းမာန်နှင့် နေမိုးနိုင်တို့က ၁ ဂိုးစီ သွင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရလဒ်ကြောင့် မြန်မာအသင်းနောက်တစ်ဆင့်တက်ရန် အလားအလာကောင်းသွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းနှင့် မကာအို အသင်းတို့သည် ဒုတိယအကျော့ပွဲစဉ်အဖြစ် အောက်တိုဘာလ(၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ(၆)နာရီတွင် Macau Olympic Complex တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

နှစ်ကျော့ပေါင်းရလဒ်ဖြင့် အနိုင်ရရှိသည့် အသင်းသည် ခြေစစ်ပွဲ ဒုတိယအဆင့်၏ အုပ်စု(B) တွင် ဂျပန်၊ ဆီးရီးယားနှင့် မြောက်ကိုရီးယားတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here