ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကျင်းပမည်

0
700

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် (၁၇) ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်အား နိုဝင်ဘာ (၂၄) ရက်မှ (၂၈) ရက်အထိ (၅) ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကာ နေ့အရုပ်လှမီးပုံးပျံပြိုင်ပွဲများနှင့် ညမီးကျည် မီးပုံးပျံပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆီးမီးပူဇော်ပွဲ၊ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ- ၂၀၂၂ ခုနှစ်ကကျင်းပခဲ့သည့် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်မှ မှတ်တမ်းပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here