အစ္စရေးဆန့်ကျင်ရေး အခြား မျက်နှာစာများ ပိုမိုပေါ်ပေါက်လာဖွယ်ရှိဟု အီရန်ဆို

0
377

အစ္စရေး ဆန့်ကျင်ရေးနှင့်ပတ်သက်၍ အခြားသော ဆောင်ရွက်မှု မျက်နှာစာများ ပိုမိုပေါ်ပေါက်လာဖွယ်ရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian က ဘေရွတ်မြို့သို့ရောက်ရှိချိန်တွင် ပြောကြားခဲ့သည်။

“ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက ကျူးလွန်ခဲ့တဲ့ ရန်စမှုတွေနဲ့ စစ်ရေးရာဇ၀တ်မှုတွေ ဆက်လက်ဖြစ်ပွားနေတာတဲ့အပြင်၊ ဂါဇာကမ်းမြောင်ဒေသကို ဝိုင်းရံထားတဲ့အတွက်၊ တခြားသော အစ္စရေးဆန့်ကျင်ရေး မျက်နှာစာတွေ ဖွင့်ဖို့ ဖြစ်နိုင်ခြေရှိပါတယ်” ဟု ဝန်ကြီးက Al Mayadeen ရုပ်သံလိုင်းသို့ မှတ်ချက်ပေးပြောကြားခဲ့သည်။

“အစ္စရေးရဲ့ လုပ်ရပ်တွေကို အစ္စလာမ္မစ်နိုင်ငံတွေက သည်းမခံနိုင်ဘူး”ဟု သူက ဆက်ပြောပြီး “အရပ်သားတွေအတွက် ရေနဲ့ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုတွေ ဆုံးရှုံးခဲ့တယ်။ ဂါဇာကမ်းမြောင်ဒေသတွေကိုလဲ ဗုံးကြဲမှုတွေ ဆက်လုပ်နေတယ်”ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

အီရန်သည် ပါလက်စတိုင်း တော်လှန်ရေးအတွက် နိုင်ငံရေးနှင့် သတင်းအချက်အလက်များကို ဆက်လက်ပံ့ပိုးပေးသွားမည်ဟုလည်း ဝန်ကြီး Abdollahian က ပြောကြားခဲ့သည်။

အီရန်နှင့် ဆော်ဒီအာရေးဗီးယားတို့သည် ပါလက်စတိုင်းကို ထောက်ပံ့ရန် ၎င်းတို့၏ ဘုံမဟာဗျူဟာဘောင်အတွင်း ညှိနှိုင်းရေးယန္တရားတစ်ခုရှိကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here