သာကေတတွင် စကားမပြောတတ်သည့် အသက် (၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦးပျောက်ဆုံးနေ

0
223

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊အရှေ့ ၂ မြောက်ရပ်ကွက်၊အနော်မာ(၂၁)လမ်း၊အမှတ်(၄၆)နေ မောင်ရန်နောင်ထွန်း(၁၂)နှစ်သည် အောက်တိုဘာ ၁၂ ရက်နေ့လည်ပိုင်းက ပျောက်ဆုံးသွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယမန်နေ့နေ့လည် ၃ နာရီခန့်က သာကေတမြို့နယ်၊အရှေ့ ၂ မြောက်ရပ်ကွက်၊အနော်မာ(၂၁) လမ်း၊အမှတ်(၄၆)နေ မောင်ရန်နောင်ထွန်း(၁၂)နှစ်သည် နေအိမ်မှတဆင့် အနော်မာ ၂၃ လမ်းထိပ်ရှိ ဓမ္မာရုံသို့သွားရာမှ နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်မှာ စကားမပြောတတ်ဘဲ အမြဲပြုံးနေတတ်ကာ ကလေးငယ်အား ရန်ကင်းမြို့နယ်ရှိ မိုးကောင်းလမ်းတွင်မြင်တွေ့သူများရှိသည်ဟု ဆက်သွယ်အကြောင်းကြားသူများရှိ၍ မိတ်ဖက်လူမှုကူညီရေးအသင်းများနှင့်ချိတ်ဆက်ကာ ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ပျောက်ဆုံးနေသည့် မောင်ရန်နောင်ထွန်းအား တွေ့ရှိသူများအနေဖြင့် ဖုန်း ၀၉ ၄၂၀၆၆၄၄၃၁ ၊ ၀၉ ၅၀၅၆၃၆၇ နှင့် ၀၉ ၈၈၂၅၁၃၃၁၁ တို့သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးမေတ္တာရပ်ခံထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here