တိုက်ကြီးမြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်

0
173

ယနေ့ အောက်တိုဘာ (၁၃) ရက် ညဦးပိုင်းတွင် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယနေ့ ည (၆) နာရီ (၄၁) မိနစ် (၄၄) စက္ကန့်က တိုက်ကြီးမြို့၏ မြောက် – အနောက်မြောက်ဘက် (၁၂) မိုင် ခန့်အကွာ၊မြောက်လတ္တီတွဒ်(၁၇ ဒသမ ၄၉) ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ်(၉၅ ဒသမ ၉၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကိုဗဟိုပြု ၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၉)အဆင့်ရှိ အင်အား အနည်း ငယ်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း တိုက်ကြီးမြို့အားဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here