အိန္ဒိယအရှေ့ပိုင်း၌ ခရီးသည်တင်ရထားလမ်းချော်၊ လေးဦး‌ေ သ ၅၀ ဦးဒဏ်ရာရ

0
141

ပတ်ထ်နား၊အောက်တိုဘာ ၁၂

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၌ ခရီးသည်တင်ရထားတစ်စင်းလမ်းချော်မှုကြောင့် လူလေးဦး‌ေ သဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ၍ ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။

ဒေသခံများသည် အခင်းဖြစ်ရာနေရာသို့ ရောက်ရှိသွားကြပြီး မှောက်နေသောရထားတွဲများထဲမှ ခရီးသည်များကို ကူညီခဲ့ကြကာ လူနာတင်ယာဉ်များဖြင့်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ရထားလမ်းချော်ရခြင်းအကြောင်းအရင်းကိုမူ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။ ကနဦးသတင်းများအရ လူအယောက် ၇၀ ခန့်ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက် ၃၁ ဦးအား ဆေးရုံတင်ပေးလိုက်ပြီဟုဆိုသည်။

အိန္ဒိယ၌ ပြီးခဲ့သည့်ဇွန်လကလည်း အချက်ပေးစနစ်မှားယွင်းမှုကြောင့် ရထားသုံးစီးဆင့်တိုက်ကာ လူပေါင်း ၂၈၀ ‌ေ သဆုံးပြီး ၉၀၀ ကျော်ဒဏ်ရာရခဲ့သည့် အဆိုးရွားဆုံးရထားမတော်တဆမှုတစ်ခုလည်းဖြစ်ခဲ့သေးသည်။

အိန္ဒိယသည် ရထားမတော်တဆမှုဖြစ်ပွားမှု ၌အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာကာ မတော်တဆမှုအများစုသည် လူ၏အမှားကြောင့် လည်းကောင်း ခေတ်မမီတော့သည့် အချက်ပြပစ္စည်းကိရိယာများ၏အမှားကြောင့် လည်းကောင်း အဖြစ်များကြောင်းသိရသည်။

Source : အေဘီစီ


LEAVE A REPLY

Please enter your comment!
Please enter your name here