ဂါဇာမြောက်ပိုင်းမှအရပ်သားပြည်သူ ၁ ဒသမ ၁ သန်းအား တောင်ပိုင်းသို့အရေးပေါ်ရွှေ့ရန်အစ္စရေးစစ်တပ်ညွှန်ကြား

0
257

နူးယော့ခ်၊အောက်တိုဘာ ၁၃

ဂါဇာမြို့တော်မြောက်ပိုင်းရှိအရပ်သားပြည်သူတစ်သန်းကျော်အား တောင်ပိုင်းသို့ ၂၄ နာရီအတွင်း အရေးပေါ်ရွှေ့ပြောင်းရန် အစ္စရေးစစ်တပ်ကညွှန်ကြားထားကြောင်းသိရပြီး ၎င်းတို့အနေဖြင့် မြေပြင်စစ်ဆင်ရေးစတင်တော့မည်ဖြစ်ရာ တင့်ကားများကိုစုဆောင်းနေပြီဖြစ်သည်ဟုသိရသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးကမူ ယခုအချိန်သည်စစ်စတင်ဖြစ်တော့မည့်အချိန်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ဟားမတ်စ်စစ်သွေးကြွများ၏တိုက်ခိုက်မှုကိုလေကြောင်းဖြင့်ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

နောက်ရက်များကစ၍ အပြင်းထန်ဆုံးတုံ့ပြန်တိုက်ခိုက်တော့မည်ဖြစ်ရာ ပါလက်စတိုင်းပြည်သူများအနေဖြင့် အစ္စရေးစစ်တပ်က ထုတ်ပြန်ကြေငြာချက်တစ်စုံတစ်ရာမထုတ်မချင်း ပြန်မလာရန် ပြောကြားခဲ့သည်။

ဂါဇာဒေသခံပေါင်း ၂ ဒသမ ၃ သန်းရှိသည့်အနက် မြောက်ပိုင်းမှတောင်ပိုင်းသို့ရွှေ့မည်ဆိုပါက လူပေါင်း ၁ ဒသမ ၁ သန်းခန့်ပြောင်းရွှေ့ရလိမ့်မည်ဖြစ်ကြောင်း ကုလကပြောကြားခဲ့သည်။

ဆက်လက်၍ကမ္ဘာ့ကုလသမဂ္ဂက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျိုးဆက်များကိုမထိခိုက်စေဘဲ ယခုကဲ့သို့ ပြောင်းရွှေ့ဖို့မှာ မဖြစ်နိုင်သဖြင့် ယခုကြေငြာချက်သာအတည်ဖြစ်လာပါက အဆိုးရွားဆုံးအခြေအနေများဖြစ်လာနိုင်သည့်အတွက် ကြေငြာချက်အားရုပ်သိမ်းပေးပါရန် ကုလသမဂ္ဂကအနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်ဟုလည်းဆိုခဲ့သည်။

ကုလ၏အဆိုပါမေတ္တာရပ်ခံချက်သည် ရှက်ဖွယ်အတိဖြစ်ကြောင်းအစ္စရေး၏ကုလသံတမန်ကပြောကြားခဲ့သည်။ ဟားမတ်စ်အဖွဲ့ခေါင်းဆောင်ကမူ ဂါဇာဒေသခံများအား အစ္စရေး၏ ပြောင်းရွှေ့အမိန့်သည် ဝါဒဖြန့်ခြင်းသက်သက်သာဖြစ်ပြီး ဒေသခံများအနေဖြင့် ယင်းဝါဒဖြန့်မှုအားမယုံကြည်ကြရန်ပြောကြားခဲ့သည်။

နှစ်ဖက်တိုက်ခိုက်မှုများကြောင့် ‌ေ သဆုံးသူ ဦးရေသည် လက်ရှိအချိန်တွင် အစ္စရေးနိုင်ငံသား ၁,၃၀၀ အထိမြင့်တက်လာပြီး ဂါဇာဒေသခံပေါင်း ၁,၅၀၀ ‌ေ သဆုံးခဲ့ပြီဖြစ်ကြောင်းဂါဇာအာဏာပိုင်များကပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ဒေသခံပေါင်း ၂ ဒသမ ၃ သန်းအထိမှီခိုနေထိုင်ကြကာ လက်ရှိအချိန်၌ ဂါဇာသည်အစ္စရေး၏ဝိုင်းရံမှုအောက်၌ရှိနေသည့်အနေအထားလည်းဖြစ်သည်။

Source : ရိုက်တာ/ဒဗလျူကေ/စီအမ်


LEAVE A REPLY

Please enter your comment!
Please enter your name here