ပဲခူး ရေဘေးကြောင့် လယ်ဧက ၅၀,၀၀၀ ထက်မနည်းပျက်စီးဆုံးရှုံး

0
218

ပဲခူးမြို့၌ မိုးဆက်တိုက်ရွာသွန်းခြင်းနှင့် မြစ်ရေတတ်မှုကြောင့် လယ်ဧက ၅၀,၀၀၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း စပါးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။

“စပါးရိတ်ချိန်ရောက်နေပြီ။ မှီတောင်မမီလိုက်ဘူး။ အကုန်ရေနစ်ကုန်တာ။ ဧကတွေ မနည်းဘူး။ ဒီတစ်ခေါက်ရေကြီးတာက စံချိန်တင်ပဲ”ဟု စပါးစိုက်တောင်သူတစ်ဦးကပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးတစ်မြို့လုံးနီးပါး ရေတက်လာခဲ့ခြင်းဖြစ်သည်။

“အခုရေကြီးမှုကြောင့် စပါးစိုက်ခင်းတွေ နစ်မြုပ်မှုရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် အာဏာပိုင်တွေထံမှာ အကူအညီ တောင်းခံနိုင်ပါတယ်။ အကုန်လုံးကိုတော့ ပေးနိုင်ချင်မှပေးနိုင်မယ်။ တရက်နှစ်ရက်အတွင်း အဲဒီကို သွားဖို့ရှိပါတယ်”ဟုမြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

လက်ရှိ ရေဘေးသင့် နေရာအများစုဖြစ်သည့် ပဲခူးဘက်တွက် စိုက်ဧက ၄၆၀၀၀ ကျော်၊ ဒိုက်ဦးတွင် စိုက်ဧက ၂၀၀၀၀ နီးပါး၊ သနပ်ပင်တွင် စိုက်ဧက ၂၂၀၀၀ ကျော်၊ ကဝ ဘက်တွင် စိုက်ဧက ၁၂၀၀၀ ကျော်၊ လှည်းကူးဘက်တွင် စိုက်ဧက ၁၅၀၀၀ ကျော် ပျက်စီးနိုင်ဖွယ်ရှိကြောင်း UNDP မှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here