ဂါဇာကမ်းမြောင်ဒေသတွင် မိမိတို့တိုက်ခိုက်ခြင်းမှာ ‘အစ’မျှသာရှိသေးကြောင်း အစ္စရေးဝန်ကြီးချုပ်ဆို

0
202

ဂါဇာကမ်းမြောင်ရှိ ဟားမတ်စ်ပစ်မှတ်များကို အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုသည် ယခုမှ ‘အစ’မျှသာရှိသေးကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ရန်သူများကို မကြုံစဖူးသော အင်အားများဖြင့် ကြီးမားသောအင်အားဖြင့် တုံ့ပြန်ဆောင်ရွက်နေပါသည်။ ကျွန်ုပ်ထောက်ပြလိုသည်မှာ ၎င်းသည် အစမျှသာဖြစ်ပါသည်။ ကျွန်ုပ်တို့၏ရန်သူများသည် စတင်ပေးဆပ်နေရပြီဖြစ်သည်။ နောက်လာမည့်အရာများကို အသေးစိတ်မဖော်ပြတော့ပါ။ ယခုတိုက်နေခြင်းမှာ အစမျှသာလျှင်ရှိပါသေးသည်” ဟု နေတန်ယာဟုက နိုင်ငံတွင်း ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အခြားကမ္ဘာ့ခေါင်းဆောင်များနှင့် စကားပြောဆိုရာတွင် အစ္စရေးအတွက် “သိသာထင်ရှားသော နိုင်ငံတကာထောက်ခံမှု” ရရှိစေရန် ကြိုးပမ်းနေကြောင်း အစ္စရေးဝန်ကြီးချုပ်က အလေးပေးပြောကြားခဲ့သည်။ အမေရိကန်မှ ကူညီသော လက်နက်ခဲယမ်းများလည်း အစ္စရေးနိုင်ငံသို့ ဒုတိယအသုတ်ပင်ရောက်ရှိခဲ့ပြီဖြစ်သည်။

နေတန်ယာဟုက အစ္စရေးသည် ဟားမတ်စ်ကို လုံးလုံးလျားလျား အောင်ပွဲခံနိုင်မည်ဟု ယုံကြည်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဟားမတ်စ်တို့သည် အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြောင်မှနေ၍ အစ္စရေးပိုင်နက်သို့ ထိုးဖောက်တိုက်ခိုက်ဝင်ရောက်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ပြန်လည်မြင့်တက်လာခဲ့သည်။ ဂျေရုဆလင်မှ ဝတ်ကျောင်းတော်တောင်ပေါ်ရှိ Al-Aqsa ဗလီတွင် အစ္စရေးအာဏာပိုင်များ၏ လုပ်ရပ်ကို တုံ့ပြန်ခြင်းအဖြစ် ဟားမတ်စ်တို့ကဆိုသည်။ အစ္စရေးက ဂါဇာကမ်းမြောင်ကို လုံးဝပိတ်ဆို့ထားကြောင်း ကြေညာပြီး ပါလက်စတိုင်းနယ်မြေအပြင် လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာများတွင်လည်း တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့သည်။ အနောက်ဘက်ကမ်းခြေတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေလျှက်ရှိသည်။ ယခုနောက်ဆုံးသိရသော အချက်အလက်များအရ ပါလက်စတိုင်း ၁,၉၀၀ ကျော်‌ေ သ ဆုံးပြီး ၇,၇၀၀ ခန့် ဒဏ်ရာရကာ၊ အစ္စရေးဖက်မှ ‌ေ သ ဆုံးသူ ၁,၅၀၀ ခန့်ရှိပြီး လူ ၄,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here