အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ရှိ ဓ-ားစာခံ ၁၃ ဦး‌ေ သဆုံးဟု ဟားမတ်စ်ပြော၊ အစ္စရေးက ငြင်း

0
262

ဂျေရုဆလင်၊အောက်တိုဘာ ၁၃

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဂါဇာမြောက်ပိုင်း၌ ထိန်းသိမ်းထားသည့် ဓ-ားစာခံ ၁၃ ဦး ထက်မနည်း‌ေ သဆုံးကာ ‌ေ သ ဆုံးသူများထဲတွင် နိုင်ငံခြားသားများလည်းပါဝင်သည်ဟု ဟားမတ်စ်အဖွဲ့ကပြောကြားခဲ့သည်။

သို့သော်အစ္စရေးက ငြင်းဆိုထားပြီး ဟားမတ်စ်၏အလိမ်အညာစကားများကိုမယုံရန်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်စနေက ပါလက်စတိုင်းက အစ္စရေးသို့စတင်တိုက်ခိုက်ခဲ့ပြီး ရော့ကက်ပေါင်း ၃,၀၀၀ ခန့်အစ္စရေးနိုင်ငံတွင်းသို့ပစ်လွှတ်ခဲ့ရာ လူပေါင်း ၁,၃၀၀ ကျော်‌ေ သ ဆုံးခဲ့ကြောင်းသိရသည်။

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟားမတ်စ်သည် အစ္စရေးစစ်သားများအပါအဝင် လူပေါင်း ၁၅၀ အား ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းတို့ထဲတွင် အရပ်သားများနှင့်နိုင်ငံခြားသားများလည်းပါဝင်သည်ဟုဆိုသည်။

ဟားမတ်စ်အဖွဲ့ကမူ “အစ္စရေးကလေကြောင်းက နေတိုက်လို့ ဓ-ားစာခံ ၁၃ ဦး‌ေ သ ဆုံးခဲ့ပါတယ်၊‌ေ သ ဆုံးတဲ့အထဲမှာ နိုင်ငံခြားသားတွေလည်းပါပါတယ်” ဟုဆိုခဲ့ပြီး ‌ေ သဆုံးသူနိုင်ငံခြားသားများသည် မည်သည့်နိုင်ငံသားများဖြစ်သည်ကိုမူ ထုတ်ပြန်ကြေငြာခဲ့ခြင်းမရှိပေ။

အစ္စရေးက လေကြောင်းဖြင့်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းလူမျိုး ၁,၅၀၀ ကျော်‌ေ သ ဆုံးပြီး ‌ေ
သ ဆုံးသူများထဲတွင် အနည်းဆုံး ကလေးငယ် အယောက် ၅၀၀ ခန့် ပါဝင်ကြောင်းလည်းသိရသည်။

Source : South China Morning Post


LEAVE A REPLY

Please enter your comment!
Please enter your name here