မြန်မာနိုင်ငံမှ CMP စနစ်ဖြင့်သည့် အထည်များကို ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ အဓိက ဝယ်ယူနေ

0
97

ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့သည် မြန်မာနိုင်ငံတွင် CMP စနစ်ဖြင့် ချုပ်လုပ်ကာ ပြည်ပသို့ တင်ပို့နေသည့်အထည်များအား ဝယ်ယူသည့် အဓိကနိုင်ငံများဖြစ်လာကြောင်း အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်ကပြောသည်။

အောက်တိုဘာ (၁၃) ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ ၌ တွေ့ဆုံစဥ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဝယ်ယူရာတွင် ၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံမှ အမှာစာ ၃၇ ဒသမ ၅ ရာခိုင်နှုန်း၊ ကိုရီးယားနိုင်ငံမှ အမှာစာ ၂၅ ဒသ မ ၃ ရာခိုင်နှုန်းတို့ကို လက်ခံရရှိခဲ့ကာ ၂၀၁၁ ခုနှစ်နောက်ပို င်းတွင် စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများ တစ်ရှိန်ထိုးတိုးတက်မှုကြောင့် အထည်ချုပ်လုပ်ငန်းလည်းဖွံ့ဖြိုးခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“လက်ရှိ CMP စက်ရုံနဲ့ CMP တစ်ဆင့်ခံစက်ရုံ ၇၈၈ ရုံရှိပါတယ်။ ပို့ကုန်ဝင်ငွေအလိုက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ ၄၃၁၆ ဒသမ ၈၉ သန်းရှိခဲ့တာကြောင့် အခင်နှစ်ပို့ကုန်တန်ဖိုးထက် ပိုမိုတိုးတက်လာခဲ့ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်ကဆိုသည်။

ထို့ပြင် နေပြည်တော်၊ ရန်ကုန်နှင့် ပဲခူးတိုင်းတို့ရှိ အထည်ချုပ်စက်ရုံပေါင်း ၅၃ ရုံအား NSSA အသိ အမှတ်ပြုကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနအဖြစ် ဆောင်ရွက်လျက်ရှိကာ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ကျွမ်းကျင်မှုအသိအမှတ်ပြုရေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်း ကဏ္ဍများအောင်မြင်စေရေး၊ ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေးနှင့် နိုင်ငံတော်၏စီးပွား ရေးဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအပါအဝင် မိတ်ဖက်အဖွဲ့ အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဝန်ကြီးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here