နိုင်ငံရေးပါတီ တည်ထောင်လိုသူများ လျှောက်ထားသည့် အဖွဲများအနက် ၁၀ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်

0
153

နိုင်ငံရေးပါတီ တည်ထောင်လိုသူများ လျှောက်ထားသည့် အဖွဲများအနက် နိုင်ငံရေး ပါတီ ၁၀ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံရေးပါတီ တည်ထောင်လိုသူများအနေဖြင့် ၎င်းတို့ တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိရာ လက်ရှိအချိန်ထိ အဖွဲ့ ၁၄ ဖွဲ့ရှိပြီး၊ ယင်းသို့ လျှောက်ထားသည့် အဖွဲများအနက် နိုင်ငံရေးပါတီ ၁၀ ပါတီကို တည်ထောင်ခွင့်ပြုပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၀ ပါတီအနက် ဦးမြင့်သန်း ခေါင်းဆောင်သည့် လေဘာပါတီ (Labour Party)က ပါတီတည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယနေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာခြင်းဖြစ်သည်။ တည်ထောင် ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၁၀ ပါတီသည် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့်အနက် ပါတီ ၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သည်။

ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here