ဆီးရီးယားမှ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့သဖြင့် လက်တုန့်ပြန်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး သတင်းထုတ်ပြန်

0
207

ဆီးရီးယားမှ အစ္စရေးနိုင်ငံတွင်းသို့ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)က ကနဦးပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် ဆီးရီးယားမှ ဒုံးကျည်နှစ်စင်း ပစ်လွှတ်မှုကို မှတ်တမ်းတင်ခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံးသည် လူနေမထူထပ်သည့်နေရာများတွင် ကျရောက်ခဲ့ခြင်းကြောင့် ၎င်းတို့အား ကြားဖြတ်ဟန့်တားရန် လေကြောင်းရန်ကာကွယ်ရေးအသုံးမပြုခဲ့ကြောင်း IDF က ဖော်ပြခဲ့သည်။

ဆီးရီးယားနယ်စပ်အနီး ဂိုလန်ကုန်းမြင့်ဒေသ တောင်ပိုင်း အစ္စရေးနိုင်ငံနယ်နိမိတ် Avnei Eitan နှင့် Alma ဒေသတို့တွင် လေကြောင်းသတိပေးမှုများပြုလုပ်ခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။

ထိုသို့ပစ်ခတ်ခြင်းခံရခဲ့ပြီးနောက် အစ္စရေးစစ်တပ်က အမြောက်များဖြင့် လက်တုံ့ပြန်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ထပ်မံ သတင်းထုတ်ပြန်ခဲ့သည်။ “အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့များသည် ယခုအခါ ဆီးရီးယားမှ ပစ်ခတ်မှုပြုလုပ်သည့် အရင်းအမြစ်ကို တိုက်ခိုက်လျက် ရှိသည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here