ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသော Express ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွား

0
236

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၅၂/၁)နှင့် (၃၅၂/၂)ကြားတွင် ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသော Express ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသော Express ယာဉ်မှာ အောက်တိုဘာ (၁၄)ရက် ည ၈ နာရီ အချိန်ခန့်က မိုးရွာသဖြင့် လမ်းချော်ပြီး လမ်းယာဘက်သို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်

အဆိုပါ ယာဉ်တိမ်းမှောက်မှု သတင်းအရ စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်‌ရေး တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here