မြန်မာနိုင်ငံ၌ နိုင်ငံတကာစံနှုန်းမီရေနံထွက်ပစ္စည်းများထုတ်လုပ်နိုင်ရေးအတွက် ဆွေးနွေး

0
222

မြန်မာနိုင်ငံ၌ နိုင်ငံတကာစံနှုန်းမီရေနံထွက်ပစ္စည်းများထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့်နည်းပညာအကူအညီပေးရေးနှင့်ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်နှင့်ရုရှားနိုင်ငံတွင် ရေနံလုပ်ငန်းနှင့်ရေနံချက်လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီ ၄ ခုတို့မှတာဝန်ရှိသူများနှင့်ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်မှ ရုရှားနိုင်ငံ၊မော်စကိုမြို့၌ကျင်းပသည့် (၆)ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာဖိုရမ်(REW)တက်ရောက်နေစဥ် ကုမ္ပဏီ ၄ ခုမှ တာဝန်ရှိသူများနှင့်သီးခြားစီတွေ့ဆုံ၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည့်နည်းလမ်းများအား ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊နိုင်ငံတကာစံနှုန်းမီရေနံထွက်ပစ္စည်းများထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့်နည်းပညာအကူအညီပေးရေးနှင့်ရင်းနှီးမြှုပ်နှံမှုတို့ကိုလည်းဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here