ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်တွင် Drop Bomb ပေါက်ကွဲ (၉)လသားအရွယ်က-လေး-ငယ်တစ်ဦး ဗုံးစထိမှန်ခဲ့

0
181

မန္တလေးတိုင်း၊ငါန်းဇွန်မြို့တွင် အောက်တိုဘာ ၁၄ ရက်ညနေပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များ၏ Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်မှုခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ညနေ ၅ နာရီခွဲခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် Drone ယာဥ်အသုံးပြုကာ ငါန်းဇွန်မြို့အတွင်းသို့ Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်ခဲ့သဖြင့် Drop Bomb သည် အမှတ်(၁)ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ Drop Bomb ပေါက်ကွဲမှုကြောင့် အသက် (၉)လအရွယ်ရှိ က-လေး-ငယ်(ကျား)တစ်ဦး၏ ဝမ်းဗိုက်တွင် ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက က-လေး-ငယ်အား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here