ပါလက်စတိုင်းနှင့် အတူရပ်တည်ကြောင်းပြရန် ယူကေ၌လူထောင်ချီစုဝေး

0
280
Thousands of demonstrators waving Palestinian flags and signs denouncing "Israeli apartheid" march in support of Palestinians in Los Angeles on October 14, 2023. (Photo by DAVID SWANSON / AFP)

လန်ဒန်၊အောက်တိုဘာ ၁၅

ဟားမတ်စ်စစ်သွေးကြွအဖွဲ့အား ထောက်ခံသူ မည်သူမဆို ဖမ်းဆီးခံရနိုင်သည်ဟု ရဲတပ်ဖွဲ့က သတိပေးထားသည့်ကြားမှပင် ပါလက်စတိုင်းနှင့်ရပ်တည်‌ကြောင်းဖော်ပြသည့် ဆန္ဒပြပွဲများအတွက် လန်ဒန်နှင့်အခြားမြို့များ၌ အောက်တိုဘာ ၁၄ ရက်တွင် လူများ ထောင်ချီ ကာစုဝေးခဲ့ကြကြောင်းသိရသည်။

ချီတက်ဆန္ဒပြသူတို့သည် ပါလက်စတိုင်းအလံများနှင့် ၎င်းတို့နှင့်အတူရပ်တည်ကြောင်းရေးထားသည့် စာတမ်းများကို ကိုင်ဆောင် ကာ “ပါလက်စတိုင်းကိုလွတ်လပ်ခွင့်ပေးပါ” ၊ ” အစုလိုက်အပြုံလိုက်လူသတ်မှုများရပ်” ၊ “အစ္စရေးကိုပိတ်ဆို့ဒဏ်ခတ်ပေးပါ” ဟူသောဆောင်ပုဒ်များကို ကြွေးကြော် ချီတက်ခဲ့ကြကြောင်းသိရသည်။

ပါလက်စတိုင်းတို့သည် ပြီးခဲ့သည့်စနေနေ့ကစ၍ ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံတွင်းသို့ဒုံးပျံ ၃,၀၀၀ ပစ်လွှတ်ခဲ့ရာ အစ္စရေးအရပ်သားပြည်သူထောင်ချီ၍ ‌ေ သ ဆုံးခဲ့သည်။ နိုင်ငံခြားသားများလည်းပါဝင်သည့် ဓ-ားစာခံ ၁၅၀ ဦးအား ဂါဇာသို့ဖမ်းခေါ်သွားကြောင်းလည်းသိရသည်။

အလားတူပင် အစ္စရေးဘက်ကလည်း လေကြောင်းသုံးပြီးပြန်လည် တုံ့ပြန်မှုကြောင့် ပါလက်စတိုင်းပြည်သူထောင်ကျော် ‌ေ သ ဆုံးခဲ့သည်။

ဆက်လက်၍ဂါဇာအား အစ္စရေးက ဝိုင်းပတ်ပိတ်ဆို့ထားမှုကြောင့် ဂါဇာ၌ ရေ၊မီးနှင့်အစာရေစာပြတ်လပ်လုနီးဖြစ်နေသည်ဟုသိရသည်။

ယူကေ၌ဆန္ဒပြသူများကမူ အစ္စရေး၏ယခုလုပ်ရပ်သည် လူသားချင်းစာနာမှုမရှိဘဲ စစ်ပွဲစည်းမျဉ်းချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုသည်။ ပါလက်စတိုင်းပြည်သူများမှာ အပြစ်မရှိဟုလည်းဆိုခဲ့ကြသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here