ပြည်ကြီးတံခွန်မြို့နယ်တွင် ကားတစ်စီးမှအမျိုးသမီးတစ်ဦးအား ဝင်တိုက်မိပြီးနောက် မောင်းပြေးသွားခဲ့

0
452

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၁ လမ်း၊ ၆၄ လမ်းအနီးတွင် အောက်တိုဘာ ၁၅ ရက်(ယ နေ့)နံနက် ၇ နာရီခန့်က ကားတစ်စီးမှအမျိုးသမီးတစ်ဦးအား ဝင်တိုက်မိပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း လောကပါလလူမှုကူညီရေးအသင်းမှ သိရသည်။

“တိုက်ပြေးတဲ့ကားကိုတော့ မသိဘူးဗျ ကားက တိုက်ပြေးသွားတယ်ဆိုတာကို ပတ်ဝန်းကျင်က လူတွေပြောပြလို့သိရတာ တိုက်ခံရတဲ့အမျိုးသမီးက ထိခိုက်ဒဏ်ရာတွေရတယ် မစိုးရိမ်ရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား လောကပါလလူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-လောကပါလအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here