ငြိမ်းချမ်းရေးဆွေးနွေးဖို့တွန်းအားပေးရန် တရုတ်သံ အရှေ့အလယ်ပိုင်းဒေသသို့သွားမည်

0
249

ပေကျင်း၊အောက်တိုဘာ ၁၅

တရုတ်သံတမန်ဇိုင်ဂျွန်သည် အစ္စရေး – ဟားမတ်စ်ပဋိပက္ခအတွင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ရန်အတွက် လာမည့်အပတ်တွင် အရှေ့အလယ်ပိုင်းသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာန CCTV က အောက်တိုဘာ ၁၅ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်စစ်သွေးကြွများကို အစ္စရေးဘက်က မြေပြင်ထိုးစစ်ဆင်နေချိန်တွင် CCTV ၏ကြေငြာချက် ယခုလို‌ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသ၏မြောက်ပိုင်း၌ လူပေါင်းတစ်သန်းကျော်နေထိုင်နေရာမှ ယခုပဋိပက္ခကြောင့် တောင်ပိုင်းသို့အရေးပေါ်ရွှေ့ပြောင်းရန်အစ္စရေးဘက်ကညွှန်ကြားခဲ့သဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတွက် အခက်အခဲဖြစ်စေနိုင်ကြောင်းကယ်ဆယ်ရေးအဖွဲ့များကဆိုခဲ့သည်။

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟားမတ်စ်၏ ဒုံးပျံ ဖြင့်စတင်တိုက်ခိုက်မှုကြောင့် အစ္စရေးအရပ်သားပြည်သူပေါင်းထောင်ချီ ကာ‌ေ သ ဆုံးခဲ့ရသဖြင့် အစ္စရေးကလေကြောင်းတိုက်ခိုက်မှုဖြင့်ပြန်လည်တုံ့ပြန်ခဲ့ရာ ပါလက်စတိုင်းဘက်၌လည်း ‌ေ သ ဆုံးသူ ၂,၂၀၀ ကျော်လာပြီဖြစ်ကြောင်းသိရသည်။

ယခုအရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား အရှေ့အလယ်ပိုင်းတည်ငြိမ်ရေးအတွက် ၎င်း၏ဩဇာ အရှိန်အဝါသုံးပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ကတိုက်တွန်းခဲ့ကြောင်းသိရသည်။

သို့သော်တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကမူ အမေရိကအနေဖြင့် ၎င်း၏အပြုသဘောဆောင်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိသည့်အခန်းကဏ္ဍကိုအသုံးပြုလျက် အစ္စရေး – ဟားမတ်စ်အရေးအား နိုင်ငံရေးအရဖြေရှင်းရေးလမ်းပေါ်ပြန်ရောက်အောင်ကြိုးပမ်းသင့်သည်ဟုလည်းဆိုခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here